Discover Europe 6 Countries
Italy ~ Switzerland ~ Germany ~ Netherlands ~ Belgium ~ France










ခရီးစဉ်ဈေးနှုန်း
လူကြီး(၁)ယောက်လျင်
US $ 3,150
Sgl Suppl.
US $ 465
ကလေး (2-11)နှစ်အောက်
US $
ခရီးစဉ်ဈေးနှုန်း
လူကြီး(၁)ယောက်လျင်
US $ 3,150
Sgl Suppl.
US $ 465
ကလေး (2-11)နှစ်အောက်
US $
Day 1
ယနေ့ နံနက်စောစော ရး၂၀ ခန့်တွင် Qarter Airway လေကြောင်းလိုင်းဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထွက်ခွါူပြီး ဒိုဟာလေဆိပ်မှတဆင့် အီတလီ နိုင်ငံ ရောမမြို့သို့ ည ၈နာရီခန့်တွင် ရောက်ရှိပါမည်။ ဧည့်လမ်းညွှန်မှ ကြိုဆိုနှုတ်ဆက်ပြီး၊ တစ်နေ့တာ လေယာဉ်ပေါ်တွင် ပင်ပန်းသမျှ နောက်တစ်နေ့ လန်းလန်းဆန်းဆန်း လည်ပတ်ပျော်ပါးနိုင်ရန် ဟိုတယ်တွင် အေးချမ်းစွာ အနားယူပါမည်။
Day 2
ရောမမြို့တော်တွင် Vatican City, အေဒီ ၇၀ ရာစုများအတွင်းက တည်ဆောက်ခဲ့ပြီး ပွဲတော် အသီးသီးကျင်းပခဲ့ရာ၊ ကမ္ဘာ့အံ့ဖွယ် အဆင့် (၇)တွင် ပါဝင်သည့် Colosseum သားသတ်ကွင်း နှင့် Roman Forum သို့ သွားရောက်လည်ပတ်ပါမည်။ ထို့နောက် ဆုတောင်းပြည့် သည်ဟု နာမည်ကြီးသော Trevi Fountain, Pantheon, Santa Maria in Cosmedin, ၁၅ ရာစုက တည်ဆောက် ခဲ့သည့် the plaza Navona ရင်ပြင် နှင့် ရုပ်လုံးကြွရုပ်ထုများကို တွေ့မြင်နိုင်သည့် လှေကားထစ်များဖြင့် အမြင်ဆန်းလှသည့် Spanish Square၊ ပုပ်ရဟန်းမင်းကြီးကျောင်းထိုင်သည့် နန်းတော်ရာ၊ St Peters Sqare & Basilica အထိမ်းအမှတ်ကျောက် တိုင်တို့သို့ သွားရောက်လည်ပတ်၊ ညနေစာသုံးဆောင်ကာ ဟိုတယ်တွင် အနားယူမည်။
Day 3
မနက်စာသုံးဆောင်ပြီးနောက်၊ အီတလီနိုင်ငံ၏ Romantic အဆန်ဆုံး အလှပဆုံး ဖြစ်သည့် Venice မြို့သို့ ၄-နာရီခန့်ကြာ ခရီးဆက်ပါမည်။ Venice မြို့တွင်းအထင်ကရာ နေရာများဖြစ် St. Marco’s Square နှင့် Basilica ဘုရားကျောင်း, ခန်းနား ကြီးကျယ်လှသော ရောမ Doges’ နန်းတော်တို့သို့ လည်ပတ်ပြီး, ချောင်းငယ် လေးကို ဖြတ်၍ တည်ဆောက်ထားသော Bridget of sighs ကို ဖြတ်ကာ Gondola ride ဖြင့် လှည့်လည်ကြည့်ရှုကြ Venice မြို့ ဟိုတယ်တွင် အနားယူပါမည်။
Day 4
နံနက်စာသုံးဆောင်ပြီးနောက်၊ နာမည်ကြီး ဖက်ရှင်မြို့တော် အီတလီ၏ ဒုတိယအကြီးဆုံး မီလန်မြို့သို့ ခရီးဆက်ပါမည်။ ရာဇဝင်သမိုင်းတို့ဖြင့် ပြည့်နေသော်လည်း လှပသောအဆောက်အဦးများ၊ ရှေးဟောာင်းဘုရားကျောင်းများအကြား ကျဉ်းသော်လည်း လမ်းလျောက်၍ အလွန် လှပသာယာပြီး ကြည်နူးစရာကောင်းလှသည်။ ၁၅-ရာစုက တည်ဆောက်ခဲ့သော ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဖြစ်သည့် Castello Sforzesco ရဲတိုက်နှင့် La Scala Opera House တို့သို့ ဝင်ရောက်လည်ပတ်ပြီး၊ ညနေစာသုံးဆောင်ကာ ဟိုတယ်တွင် အေးချမ်းစွာ အနားယူပါမည်။
Day 5
နံနက်စာသုံးဆောင်ပြီး၊ Engelberg မြို့သို့ ကားဖြင့် ထွက်ခွါပြီး၊ ပင်လယ်ရေပြင်အထက် 3,238 မီတာမြင့်သော Titlis တောင်ပေါ်ရွာ လေးသို့ Aerial Cable ကားဖြင့် တက်ကြမည်။ ထိုသို့ တောင်ပေါ်သို့တက်သည့်အချိန် Alps တောင်တန်းကြီး၏ ရှုခင်းမှာ ဘဝတသက်တာ မမေ့နိုင်အောင်ပင် လှပပါသည်။ ဆွစ်ဇာလန်မြို့သည် ဥရောပတွင် အမှန်တကယ် သဘာဝအလှအပ တို့ စုဝေးရာနေရာဖြစ်သည့် အလျောက် လူနေမှု အသုံးစရိတ်နှင့် အိမ်ခြံမြေဈေးလည်း ကြီးလွန်းလှပါသည်။ တောင်ပေါ်တွင် အေးခဲနေသော ရေခဲတို့ဖြင့် ပျော်ရွှင်စာ အမှတ်တရ ဓါတ်ပုံရိုက်ကြပြီး၊ ထို့နောက် Lucerne မြို့လေးသို့ ခရီးဆက်ပါမည်။ သာယာသည့် ရူခင်းများဖြင့်လှပသည့် Lucerne မြို့တွင်ပြင်သစ် တော်လှန်ရေးသမားများဧ။် လက်ချက်ဖြင့်ကျဆုံးခဲ့ရသော ကြေးစားစစ်သည်များကို ဂုဏ်ပြုသည့် (Thorwalden’s Lion Monument – ဆွစ်ဇာလန်လူမျိုးတို့သည် ရှေးနှစ်ပေါင်းများစွာ ကပင်ဘက်မလိုက် ကြားနေဝါဒကို ကျင့်သုံးခဲ့သည်။ ၎င်းတို့၏ အခြားပြည်တွင်းနိုင်ငံရေး ကို ဝင်ရောက်စွက်ဖက်လေ့မရှိသော ဓလေ့ကြောင်း နိုင်ငံပေါင်းများ စွာက ဆွစ်လူမျိုးများအား ကြေးစားစစ်သားများအဖြစ် ယုံကြည်စိတ်ချစွာခေါ်ယူ အမှုထမ်း စေခဲ့သည်)။ ၁၇ရာစုတည်းက တည်ဆောက်ခဲ့သော ကဗျာဆန်လှသည့် Chaple Bridge တံတားကို ဖြတ်သန်းပြီး ရှေးဟောင်း ဘုရားကျောင်း Jesuit Church တို့သို့လေ့လာပါမည်။ ညနေစာသုံးဆောင်ကာ ဟိုတယ်တွင် အေးချမ်းစွာ အနားယူပါမည်။
Day 6
ဂျာမဏီနိုင်ငံ၏ ရှေးဟောင်းမြို့ဖြစ်သည့် ဟေဒင်ဘက်ဂ်မြို့သို့ သွားရောက်ပြီးမတူကွဲပြားသည့် ဗိသုကာ လက်ရာများ ဖြစ်သည့် အနားသတ်ထားသည့် မြစ်ကမ်းပါးတွင် လမ်းလျောက်ရသည့်အရသာမှာ ထူးခြားလှသည်. ရှေးဟောင်းဥရော ပ အငွေ့အသက်များ နှင့် လေ့လာစရာပေါများလှသည့် အဆိုပါမြို့တွင် ဘုရားကျောင်း၊ ရှေးအကျဆုံး ရဲတိုက်တို့သို့ လည်ပတ်ကာ မာန်ဟိန်းမြို့သို့ ခရီးဆက်ကာ အိပ်စက်အနားယူပါမည်။
Day 7
ဂျာမဏီနိုင်ငံ၏ ရှေးဟောင်း အကျဆုံး သမိုင်းဝင်မြို့ဖြစ်သည့် ချစ်စရာကောင်းသော အဓိပါယ်များစွာတို့ဖြင့် ပြည့်စုံနေသော ကိုလုံး မြို့လေးသို့ ခရီးဆက်ပါမည်။ ဂန္ဓဝင် မြစ်တစ်စင်း ဖြစ်သည့် ရိုင်းမြစ်ကမ်းပါးပေါ်မှ ကိုလုံးမြို့၏ အလှကို ခံစားကြည့်ရှုပြီး၊ ရိုမာန် ကက်သလစ်ဂိုဏ်ချုပ် ဆရာတော် ကျောင်းထိုင်သော Grob St. Martin ဘုရားကျောင်း၊ လွန်ခဲ့သော နှစ်ပေါင်း ၉၀၀ ခန့်က တည်ထောင်ခဲ့သော မြို့တော်ခန်းမ၊ ရှေးအတိတ်နှစ်ပေါင်းများစွာသို့ ပြန်ရောက်သွားသကဲ့သို့ ခံစားရစေမည့် Cobble-Stone Alleys လမ်းသွယ်လေးတွင် လမ်းလျောက်ရင်း ပျော်ရွှင်စွာ ဓါတ်ပုံရိုက်ကြမည်။ ညနေစာကို သုံးဆောင်ပြီး ဟိုတယ်တွင် အနားယူပါမည်။
Day 8
ယနေ့တွင် နယ်သာလန်နိုင်ငံ ရှုမငြီးဖွယ် နေချင်စဖွယ်မြို့လေး အမ်စတာဒမ်မြို့သို့ ခရီးဆက်လက်ထွက်ခွါပမည်။ သက်တမ်း ၇၀၀-ကျော်ရှိသည့် ထိုမြို့တွင် ရှေးခေတ် ရောမအင်ပါယာ လက်ကျန် အဆောက်အဦးများအား လေလာပြီး၊ အမြင်ဆန်းသည့် Gabled Façades တို့သို့ သွားရောက် လေ့လာမည်။ သွားရောက်လည်ပတ်ပါမည်။ ၁၈ ရာစု လောက်က အဆိုပါနယ်မြေသည် စက်မှုဇုံဧရိယာဖြစ်ပြီး၊ လေရဟတ်လေးများ ၇၀၀-ကျော်ဖြင့် အသုံးပြုခဲ့သည့် နေရာဖြစ်သော်လည်း ယခုအခါတွင် ၅-ခု လောက်မျှသာ ကျန်ရှိပါသည် ထို့နောက် ညနေစာသုံးဆောင်ကာ ဟိုတယ်တွင် အနားယူပါမည်။
Day 9
ယနေ့တွင် ဘယ်လဂျီယံနိုင်ငံ ဘရာဆဲလ်မြို့သို့ ကားဖြင့် ဆက်လက်ထွက်ခွါမည်။ ၁၀-စုနှစ်တည်းက ဖွံ့ဖြိုးခဲ့ပြီး၊ စီးပါွးရေး၊ လူမှုရေး အချက်အချာကျသော နေရာဖြစ်ခဲ့သည့် (UNESCO မှ ရှေးဟောင်းအမွေအနှစ်ဝင် Grand Palace သို့ သွားရောက် လည်ပတ်မည်။ ထို့နောက် ၁၄၀၇ ခုနှစ်တွင် တည်ဆောက်ခဲ့သည့် St Michael Cathedral ဘုရားကျောင်း ၊ ၁၈၃၀-၃၁ တွင် ဒီမိုကရေစီနိုင်ငံ အဖြစ် ပြောင်းလဲ တည်ထောင်ခဲ့သည့် အထိမ်းအမှတ်ကျောက်တိုင်ဖြစ်သော Congress Column, Heizeldistrict, Louise Square တရားစီရင်ရေး အဆောက်အဦး (ယခု ပါလီမန်)၊ Palace of Nation နှင့် ရှေးခေတ် ဗိသုကာ လက်ရာများဖြင့် ပဏာတင့်လှသော Royal Squre and Palace ဝင်ရောက်လည်ပတ်ပြီး ညနေပိုင်းတွင် ပြင်သစ်နိုင်ငံ ပါရီမြို့သို့ ခရီးဆက်ကာ ဟိုတယ်တွင် အနားယူ မည်။
Day 10
ခေတ္တအနားယူပြီး နောက်၊ နေ့လည်ပိုင်းတွင် ပဲရစ်မြို့တွင်းခရီးစဉ်များ စတင်ပါမည်။ ၁၁၆၀-ခုနှစ်က တည်ထောင်ခဲ့သော ဘုရင့်ဘုရားကျောင်း ဟု ခေါ်ဆိုနိုင်သည့် ( Notre Dame Cathedral)၊ နှစ်ပေါင်းရာနှင့်ချီပြီး တည်ရှိခဲ့သောကော်ဖီဆိုင်များ၊ ပြင်သစ်နိုင်ငံပါရီမြို့၏ အထိမ်းအမှတ်ဖြစ်သော Effle Tower ပေါ်သို့ တက်ရောက်ပြီး ၊ ပါရီမြို့၏ စိမ့်မြစ်ကလေးနှင့် လှပပုံကို အပေါ်စီးမှကြည့်ရှု့ခံစား ဓါတ်ပုံရိုက်ကြမည်။ ထို့နောက် ညနေပိုင်းတွင် ပြင်သစ်နိုင်ငံ ပဲရစ်မြို့၏ အကြီးကျယ်ဆုံး ရင်ပြင် တစ်ခုဖြစ်ပြီး၊ အကျယ်အဝန်း ၈-ဧကကျော်ရှိသော Place de la concorde, ဆက်လက်ပြီး လူဝီ (၁၄) ဘုရင် လက်ထက်တွင် စတင်ဖွင့်လှစ်ခဲ့သည့် အော်ပရာကဇာတ်ရုံ၊ ရှေးဟောင်းအဆောက်အဦး တစ်ခု ဖြစ်သည့်အပြင် အနုပညာ ပြတိုက် တစ်ခုအဖြစ် ဝံ့ကြွားစွာ တည်ရှိနေသည့် ၁၂ရာစုဗိသုကာလက်ရာ အဆောက်အဦး ဖြစ်သည့် ကမ္ဘာကျော် မိုနာလီဇာပန်းချီကား အပါအဝင် အခြားသော နာမည်ကျော် ပန်းချီကားများ ရုပ်ထုများ စုစည်း တင်ပြ ထားသော ကမ္ဘာ့အကြီးဆုံး (Louvre Museum) ပြတိုက်၊ ရူချင်စဖွယ်ရူခင်းများနှင့် သာယာသည့် လူမှုပတ်ဝန်းကျင်များ ဖြင့် စီးမျော ပျော်ဝင်နေသည့် ( Champs-Elysees) လမ်းမပေါ်တွင် ပျော်ရွှင်စွာလည်ပတ်, ဈေးဝယ်ကြပြီး နောက် ညနေစာ သုံးဆောင်ကာ ဟိုတယ်တွင် အနားယူပါမည်။
Day 11
နံနက်စာသုံးဆောင်ပြီးနောက် လေဆိပ်သို့ ပို့ဆောင်ပေးပါမည်။ နောက်တနေ့ နံနက်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပျော်ရွှင်ချောမွေ့ စွာ ပြန်လည်ရောက်ရှိလာပါမည်။
Group Size
:
20 - 25 pax
4* Hotel
:
Novotel or similar
Mecure or similar
Price may change base on availability!
ခရီးစဉ်တွင် ပါဝင်သော ဝန်ဆောင်မှုများ
- ကြယ် (၄)ပွင့်အဆင့်ရှိ ဟိုတယ်တွင် 9-ည တည်းခိုခွင့်
- WIFI နှင့် A/C ပါသောအဆင့်မြင့်ကားကြီးများဖြင့် လည်ပတ်ရန်ပို့ဆောင်ပေးခြင်း
- ခရီးစဉ်တွင် ပါဝင်သော လည်ပတ်ရမည့် ဝင်ကြေးများ
- လေယာဉ်လက်အမှတ် (အသွား-အပြန်) သတ်မှတ်ထားသည့် ရက်အတိုင်းသာ
- နံနက်စာ၊ နေ့လည်စာ၊ ညနေစာ (ဖော်ပြပါအတိုင်း)
- ဧည့်လမ်းညွှန်နှင့် မြန်မာအဖွဲ့ခေါင်းဆောင် (၁၆-ဦးနှင့် အထက်)
- ကားပေါ်တွင် နေ့စဉ် ရေသန့်ဗူး ပေးခြင်း
- ဗီဇာကြေးနှင့် ဝန်ဆောင်မှုများ
ခရီးစဉ်တွင် မပါဝင်သော ဝန်ဆောင်မှုများ
- ခရီးစဉ်တွင် မပါသော ဝင်ကြေးများ
- မိမိတို့၏ ကိုယ်ပိုင်အသုံးစရိတ်များ
- စားသောက်ဆိုင်၊ ဟိုတယ်များတွင် အဖျော်ယမကာ သုံးဆောင်စရိတ်များ
- ဧည့်လမ်းညွှန်နှင့် ယာဉ်မောင်းအား အပိုဆုကြေးငွေပေးခြင်း
- ဗီဇာကြေးနှင့် ဝန်ဆောင်မှုများ (US $ 160+32)
Road
Map
အကယ်၍ အောက်ပါဝန်ဆောင်မှုများ အတွက် မိမိတို့အစီအစဉ်နှင့် သွားလိုသူများ ထပ်မံပေးရပါမည်။
- ဟိုတယ်မှ ခရီးစဉ်ထက်စော၍သော်၎င်း၊ နောက်ကျ၍သော်၎င်း ပိုနေခြင်း
- သီးသန့် တစ်ယောက်ခန်းတွင် နေခြင်း
- လေယာဉ်ခရီးစဉ် အချိန်၊ ရက်ပြောင်းလိုခြင်း
- ခရီးစဉ်တွင် မပါသော နေရာများအား သွားလိုခြင်း
မှတ်ချက်
- ခရီးစဉ်တွင် လိုက်ပါရန် အမည်စာရင်းသွင်းပါက USD 1,000 စီ စရံအဖြစ် ပေးသွင်းရန်
- ကျန်ရှိသော ငွေအား ဗီဇာရရှိပြီး၊ ၃-ရက်အတွင်း ပေးချေရပါမည်
- ဗီဇာလျောက်ရန်အတွက် ဖော်ပြပါ လိုအပ်သော စာရွက်စာတမ်းများ ပေးရပါမည်
- ဗီဇာ ရရှိပြီး၊ ခရီးစဉ်မလိုက်ဖြစ်ပါက စရံငွေပြန်အမ်းမည် မဟုတ်ပါ
- စာရွက်အထောက်အထား ပြည့်စုံလျင် ၉၉.၉% ဗီဇာရရန် အာမခံပါသည်
ဗီဇာ လျောက်ထားရန်အတွက် လိုအပ်သော စာရွက်စာတမ်းများ
- Passport မူရင်း (အနည်းဆုံး ၆-လ သက်တမ်းရှိရပါမည်) နှင့် မိတ္တူ
- (၆)လ အတွင်း ရိုက်ထားသော အဖြူရောင်နောက်ခံ (၂)လက်ပတ်လည် ဓါတ်ပုံ (၂)ပုံ
- မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်း မိတ္တူနှင့် Notary
- လုပ်ငန်းလိုင်စင်နှင့် ထုတ်ကုန်သွင်းကုန် လိုင်စင် မိတ္တူနှင့် Notary
- သက်တမ်းအနည်းဆုံး (၆)လရှိ ဘဏ်စာအုပ် မိတ္တူ (Transition) ရှိရပါမည်
- ဇနီးမောင်နှံများ အိမ်ထောင်စုစာရင်း မတူပါက လက်ထပ်စာချုပ် မိတ္တူနှင့် Notary
- ပိုင်ဆိုင်မှု အဖြစ် ကုမ္ပဏီလုပ်ငန်းလိုင်စင်၊ ထုတ်ကုန်သွင်းကုန်လိုင်စင် (ရှိပါက)
- ပုံစံ (၆)၊ (၂၆)
- အိမ်စာချုပ်၊ မြေဂရံ စသည့်ပိုင်ဆိုင်မှုများကို Notary ပြန်ပြီး၊ တင်ပေးရပါမည်